2025 ခုနှစ် January 6 2025 ခုနှစ် January 6 ရက်နေ့တွင် ဝန်ထမ်းပေါင်း 500 ကျော်ဖြင့် ကျင်းပပြုလုပ်ခဲ့သော 47 F&B Group 10th Year Anniversary Staff Party Event 2025 ပွဲရဲ့ ပျော်ရွှင်ကြည်နူးဖွယ်ရာ ပုံရိပ်လေးတွေကို ဝေမျှလိုက်ပါတယ်ခင်ဗျာ.. 10th Anniversary Staff Party တွင် 🏆 Employee of The Year ဆုများချီးမြှင့်ခြင်း၊ Old Service Loyalty Employee ဝန်ထမ်းများအား ဆုများချီးခြင်း 🍀Lucky Draw များမဲဖောက်ပေးခြင်း 💃🏻Branch အလိုက် ဝန်ထမ်းများ၏ performance များဖြင့် ဖျော်ဖြေတင်ဆက်ခြင်း 🥇 🤹🏻♀️Game များကစားခြင်း တို့နှင့် ပျော်ရွှင်စွာ ကျင်းပခဲ့ပါတယ်ခင်ဗျာ။
ပထမဦးစွာ 47 F&B GROUP ကို ဆက်လက် ရပ်တည်နိုင်အောင် 2014 ခုနှစ်မှစတင်၍ ယနေ့အထိ (10) နှစ်ကျော်တိုင်တိုင် အစဉ်အမြဲမပြတ် အားပေးပါသော ကျေးဇူးရှင် များဖြစ်ကြသော ချစ်ရတဲ့ Customer များအားလုံး၊ တစ်ယောက်ချင်းစီတိုင်းကို အထူးပင်ကျေးဇူးတင်အပ်ပါတယ် ခင်ဗျာ
ဆက်လက်ပြီး 47 F&B Group၏ ဆိုင်ခွဲတိုင်းမှာ လာရောက်သုံးဆောင်သော ဧည့်သည်တော်များ အားလုံးကို စိတ်တိုင်းကျဖြစ်စေရန် ဖော်ရွေပျူငှာမှု၊ သန့်ရှင်းသပ်ရပ်မှု၊ အရသာကောင်းမွန်မှုများနှင့် ပြည့်စုံအောင် အဖက်ဖက်မှ စည်းလုံးညီညွတ်စွာဖြင့် ဝိုင်း၀န်းဆောင်ရွက်ပေးပါသော BOD နှင့် တာဝန်ထမ်းဆောင်နေသော၀န်ထမ်းများ အားလုံးကိုလဲ ထပ်မံပြီးကျေးဇူးတင်ရှိပါတယ်။
47 F&B GROUP ကြီးသည်လည်း (၁၀) နှစ်မှသည် နောင်နှစ်ပေါင်းများစွာအထိ လက်တွဲသွားရင်း များစွာသော တိုးတက်အောင်မြင်မှုများနဲ့ဆက်လက် တည်တံ့ခိုင်မြဲအောင် အတူတကွကြိုးစားသွားပါမယ် လို့ ဆန္ဒပြုကာ 47 F&B GROUP Annual Staff Party အမှတ်တရပုံရိပ်လေးများကို ပြန်လည်မျှဝေပေးလိုက်ပါတယ် ခင်ဗျာ 🎊✨

